Pages

Wednesday, October 9, 2013

ဒါမျိုးတွေ သတိထားပါ မိုးစက်ဝိုင်

မိုးစက်ဝိုင်ရဲ့ အခု အောက်ပါ ဓာတ်ပုံကို သေချာ ကြည့်ဖြစ်အောင် ကြည့်လိုက်ပါ။ တကယ်တော့ မြန်မာ့ လူ့အဖွဲ့အစည်းမှာ ဒီမြင်ကွင်းမျိုးဆိုတာ မဖြစ်သင့်ဘူးလို့ အများက သတ်မှတ်ထားကြတယ်။

 

ဒီ ဘလော့ဂ်အနေနဲ့ မိုးစက်ဝိုင်ကို အားပေးတဲ့ စိတ်နဲ့ သူ့ကို သတိထားစောင့်ကြည့်နေခဲ့တာမှာ အခုတော့ သူ့အကြောင်း ထောက်ပြနေရတာ စိတ်မကောင်းပါဘူး။ 

လူမြင်ကွင်းမှာ မိုးစက်ဝိုင်ရဲ့ ဖိနပ်ကို အမျိုးသမီးငယ်တယောက်က ၀တ်ဆင်ပေးနေရတာလား၊ ချွတ်ပေးနေ ရ တာလား၊ ပြင်ဆင်ပေးနေရတာလား ဝေခွဲရခက်တဲ့ ဓာတ်ပုံတပုံပါ။ 

မိုးစက်ဝိုင်အနေနဲ့ Miss Universe Myanmar 2013 သရဖူ ရတဲ့နေက သူပြောခဲ့တာလေး သတိရမိတယ်။ စကိုင်းနက်နဲ့ အင်တာဗျူးမှာပေါ့။ 

သူက နိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်ရတော့မယ့်သူ ဖြစ်လာပြီဆိုတာ့ သူ့မှာ တာဝန်တွေလည်း ပိုကြီးလေးလာ သလို သူ့ရဲ့ အနေအထိုင်၊ အပြောအဆိုကအစ အရာရာကို နိုင်ငံ့ ဂုဏ်သိက္ခာ မထိခိုက်အောင် သေချာ ဂရုစိုက်သွားမယ်ဆိုပြီး ပြောခဲ့တယ်။ 

အဲဒီလိုပြောပြီးကတည်းက တောက်လျှောက် ဝေဖန်တိုက်ခိုက်ခံနေရတော့တယ်။ စိတ်မကောင်းစရာ အဖြစ်ပါ။ 

ဒါကြောင့် မြန်မာယဉ်ကျေးမှုကို အလေးအနက်ထားတဲ့ မြန်မာ့လူမှုအသိုင်းအ၀ိုင်းမှာ နောင်ကို ဒါမျိုးတွေ 
ရှောင်ရှားနိုင်အောင်လို့ မိုးစက်ဝိုင် သတိရနေပါစေရန် ဆုတောင်းပေးရုံမှတပါး အခြား မရှိပြီ။ 


MM Play Boys 

1 comment:

  1. she is not that much attractive as Miss Universe! Is there anyone who is more than her beauty???????

    ReplyDelete

ပေးထားသော မှတ်ချက်များကို အမြန်ဆုံး စိစစ်ဖော်ပြပေးသွားပါမည်။
ရိုင်းစိုင်းသော စကားလုံးများကိုသာ ပယ်ဖျက်မည်ဖြစ်ပါသည်။ မှတ်ချက်ပေးသူများကိုလည်း လေးစားပါသည်။
မှတ်ချက်ပေးသူများကလည်း လူသားအချင်းချင်း လေးစားမည်ဟု ယုံကြည်ပါသည်။